0
Cart
အစီစဉ်ထဲသို့ဝင်ရန် | မှတ်ပုံတင်ရန်

ဆီးချို ဆိုသည်မှာ ခန္ဓာကိုယ်တွင်း နာတာရှည် သကြားဓာတ် မြင့်တက်နေခြင်းဖြစ်သည်။ အင်ဆူလင်ဓာတ် ထုတ်လုပ်မှု ချို့ယွင်းခြင်း (သို့) အင်ဆူလင်ဓာတ်၏ လုပ်ငန်းဆောင်တာ ချို့ယွင်းခြင်း (သို့) အကြောင်းရင်းနှစ်ရပ်လုံးကြောင့်  ဖြစ်လာရသည့် ရောဂါ ဖြစ်သည်။ ဆီးချိုရောဂါသည် မကြာခဏပင် အခြားပြင်းထန်သည့် ဆင့်ပွား ရောဂါများနှင့် ဆက်စပ်ပတ်သက်မှု ရှိနေကြောင်းနှင့် လူနာအား အချိန်မတိုင်မီ အသက်ဆုံးရှုံးရစေသည့် အကြောင်းရင်း တစ်ရပ် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဆီးချို ဝေဒနာရှင် အနေနှင့် အဆိုပါအခြေအနေများ ဖြစ်ပွားသည့် အလားအလာကို လျော့ပါးစေရန်အတွက် မိမိကိုယ်ကို စောင့်ရှောက်နေထိုင်နိုင်ပါသည်။

ရောဂါ ကုသမှု၏ ရည်ရွယ်ချက်မှာ လူနာ၏ သွေးတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်ပမာဏအတိုင်း အမြဲ ရှိနေစေနိုင်ရန် ဖြစ်သည်။ လူနာမှ မိမိကိုယ်ကို ကြည့်ရှု  စောင့်ရှောက်သွား နိုင်ရန် လေ့ကျင့်ပေးမှုသည် ဆီးချိုရောဂါကုသမှု၏ အရေးပါသော ကဏ္ဍအစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ ကုသမှုံမှာ လူနာတစ်ဦးချင်းစီပေါ်တွင် မူတည်ပြီး၊ ဆေးဝါးဗေဒပိုင်း စိတ်ခံစားမှုပိုင်းဆိုင်ရာလူမှုရေး (Psychosocial) နှင့် လူနာ၏ ဘဝနေထိုင်မှုစရိုက်တို့ကိုပါ ဆောင်ယူ ထည့်သွင်း သုံးသပ်၍ ကုသရန် လိုပါသည်။

  • အမျိုးအစား 1 ဆီးချိုရောဂါ ကုသမှု – ပန်ကရိယမုန့်ချိုအိတ်မှ အင်ဆူလင်ဓာတ်ကို ထုတ်လုပ်ပေးနိုင်စွမ်း မရှိခြင်းကြောင့် ထိန်းချုပ်ရ ခက်ခဲသော အမျိုးအစား 1 ဆီးချိုရောဂါ ဖြစ်လာရသည်။ ထို့ကြောင့်၊ ၎င်းအတွက်ကုသမှုမှာ အစားအစာကို သတိပြု ထိန်းချုပ်စားသုံးခြင်း၊ အစီအစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း၊ မိမိဖာသာ ကိုယ်တွင်း သကြားဓာတ်ပမာဏကို တိုင်းတာစစ်ဆေးခြင်း နှင့် တစ်နေ့တာအတွင်း အကြိမ်များစွာ ခွဲ၍ အင်ဆူလင် ထိုးခြင်း (MDI) စသည်တို့ ဖြစ် ပြီး၊ ၄င်းစည်းမျဉ်းများအား လိုက်နာ လုပ်ဆောင်သွားရန် လိုပါသည်။
  • အမျိုးအစား 2 ဆီးချိုရောဂါ ကုသမှု – နည်းလမ်းများမှာ အစားအစာကို ထိန်းချုပ်စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်း၊ မိမိဖာသာ ကိုယ်တွင်း သကြားဓာတ် ပမာဏကို တိုင်းတာစစ်ဆေးခြင်း နှင့် တစ်ချို့သော ကိစ္စအခြေအနေ၌ အင်ဆူလင်ဆေး သောက်သုံး(သို့)ထိုးသွင်းမှုဖြင့်ပါ ကုသ လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ အမျိုးအစား 2 ဆီးချိုဝေဒနာရှင်၏ 40% ခန့်မှာ အင်ဆူလင်ဆေးထိုးသွင်းကုသမှုကိုပါ ခံယူနေရသော လူနာများ ဖြစ်ပါသည်။