0
Cart
အစီစဉ်ထဲသို့ဝင်ရန် | မှတ်ပုံတင်ရန်
ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း

ပရာရမ် ၉ ဆေးရုံနှင့်ဆက်နွယ်သောအကြောင်းအရာများ

ပရာရမ် ဆေးရုံကြီးသည် ဧရိယာ ဧကကျော်ကျယ်ဝန်းပြီး ၁၅ ထပ်ဖြင့် နည်းစနစ်ကျစွာနှင့် လွယ်ကူစွာ ဝန်ဆောင်မှု ပေးနိုင်ရန်တည်ဆောက်ထားပါသည်။ မြေညီထပ်မှ ထပ်အထိ ပြင်ပလူနာကုသခြင်း၊ ညွှန်ကြားရေးမှူးဌါန နှင့် ဝန်ဆောင်မှုဌါနများတည်ရှိပါသည်။ အမြင့် ၁၀ ထပ်ကတော့ အတွင်းလူနာအခန်း (IPD) များဖြစ်ပြီး ၁၆၃ ကုတင်ဖြင့်ဖွဲ့စည်းထားပါသည်။ ပြင်ပလူနာများအားကြည့်ရှုရန် ဆေးပြခန်း ၁၁၄ ခန်းဖြင့်ဖွ့ဲစည်းထားပါသည်။ ကုသမှုပေးရန် ဘက်စုံမှအဆင်သင့်ရှိနေပြီး အထူးသဖြင့်ကျောက်ကပ်ရောဂါ နာတာရှည်ခံစားနေရသောသူများနှင့် ကျောက်ကပ်အစားထိုးကုသမှုခံယူထားသောသူများအတွက် ကျွမ်းကျင်သောသူနာပြုများဖြင့်ဝန်ဆောင်မှုပေးနေပါသည်။ ထို့အပြင်အခြားအထူးရောဂါများနှင့် နှလုံးသွေးကြောပိုင်းဆိုင်ရာကုသသည့်ဌါနများလည်း ပရာရမ်နိုင်းဆေးရုံတွင် ဝန်ဆောင်မှုပေးနေပါသည်။

 

ပရာရမ်နိုင်းဆေးရုံသည် နှလုံး၏အရေးပါမှုကိုဂရုစိုက်သောကြောင့် နှလုံးအထူးကုတည်ရှိကာနှလုံးရောဂါကုသခြင်း ဝန်ဆောင်မှုပေးပါသည်။ အရည်အသွေးပြည့်ဝသောဘက်စုံပြီး ပြည့်စုံသော ဝန်ဆောင်မှုကိုပေးနေပါသည်။ ထိုကြောင့်ပရာရမ်နိုင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောပိုင်းဆိုင်ကုထုံးများကို အစဉ်အမြဲတိုးတက်ကောင်းမွန်အောင် ကုသနိုင်ရန် (ဆရာဝန်၊ သူနာပြု၊ ကာယပညာရှင်များ၊ အခြားသောဝန်းထမ်းများ) အပါအဝင် ခေတ်မှီသောစက်ပစ္စည်း ကိရိယာများရှိခြင်း၊ လူနာနှင့်ဆွေးမျိုးများအတွက် တိုးချ့ဲ ပြုစုစောင့်လျှောက်ရန်၊ လူနာနှင့်ဆွေမျိုးများအား ကျန်းမာရေးဗဟုတုသများ မျှဝေပေးခြင်း၊ ရောဂါများထပ်မပွားအောင်အနေအထိုင်ဆင်ခြင်ရန်၊ ရောဂါဝေဒနာခံစားရချိန်မှ ပြန်လည်ကောင်းမွန်လာသည့်အထိ ကြည့်ရှုရန်၊ နှလုံးလူပ်ဆောင်ချက်နှင့် သွေးကြောရောဂါများဖြစ်ပြီးနောက် ကောင်းမွန်စွာကြည့်ရှုနိုင်ရန်အထောက်အကူပြုပါသည်။ ပရာရမ်နိုင်းဆေးရုံသည် ယခင်က နှလုံးရောဂါအထူးကုဌါနမျှသာ ဖြစ်ပြီး ယခုအခါတွင် နှလုံးရောဂါအထူးကုအဖွ့ဲအသင်းကြီးအဖြစ်ရပ်တည်လျှက်ရှိပါသည်။

 

ထိုင်းနိုင်ငံရှိဆေးရုံကြီးများတွင် ပရာရမ်နိုင်းဆေးရုံကြီးသည် ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးကုသခြင်းတွင် အဆင့်မြင့်ဆေးရုံ တခုဖြစ်ပြီး ကျောက်ကပ်အစားထိုးကုသရာတွင် အောင်မြင်မှုသည်(Survival Rate)  နိုင်ငံတကာအဆင့်မှီအောင်မြင်မှုရရှိနေပါသည်။ ဥပဒေနဲ့အညီ တရားမျှတမှုနှင့် မှန်ကန်သောကျောက်ကပ်အစားထိုးကုသခြင်းပြုလုပ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် ကျောက်ကပ်ဓါတ်ခွဲကုသရာ ရာမာဓိပတိဆေးရုံနှင့် ပရာရမ်နိုင်းဆေးရုံ တို့သည် အကောင်းဆုံးစမ်းသပ်စစ်ဆေးနိုင်ကြောင်း The 6th congress of the Asian Society of Transplants ပွဲ၌  ဆုရရှိအသိအမှတ်ပြုခံရပါသည်။ စင်ကာပူနိုင်ငံတွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအစည်းအဝေးကြီးတွင် အမေရိကန်နိုင်ငံမှဘွဲ့ရခဲ့သောသမားတော်များ (American Board of Nephrology ) အင်္ဂလန်နိုင်ငံမှဘွ့ဲရခဲ့သောသမားတော်များ ( Cambridge U.K. ) ထိုင်းနိုင်ငံမှကျောက်ကပ်အစားထိုးသမားတော်များအဖဲ့ွမှဆရာဝန်များပါဝင်ခဲ့ကြပါသည်။ ထိုအစည်းအဝေးပွဲကြီးကိုနှစ်စဉ် ၁၀ နှစ်ဆက်တိုက်ကျင်းပခဲ့ရာ  ပရာရမ်နိုင်ဆေးရုံသည် သုတေသနစာစောင် ၅၁ စောင်ပြုစုတင်ပြနိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ဂုဏ်ဆောင်ဆေးရုံတခုဖြစ်ခဲ့ပါသည်။

ပရာရမ်နိုင်း ဆေးရုံ သားဖွား နှင့် မီးယပ် ဌါနတွင် အာထွာစောင်း 4D (Ultrasound 4D) စက်ဖြင့် ကျွမ်းကျင်သောသမားတော်များမှ ကလေးမမွေးခင် အခြေအနေနှင့် ကလေးမမွေးမှီ ပုံမှန်မဟုတ်သောလက္ခဏာများဖြစ်ပေါ်လာပါက ချက်ချင်း အနီးကပ် ကြည့်ရှုနိုင်ရန် ပြင်ဆင်နိုင်ခြင်းဖြစ်ပါသည်။

ပရာရမ်နိုင်းဆေးရုံတွင် ခွဲစိတ်ခန်းပေါင်း  () ခန်းကျော်ရှိပါသည်။ကျောက်ကပ်အစားထိုးခွဲစိတ်ခြင်းနှင့်နှလုံးခွဲစိတ်ခြင်းများပြုလုပ်ပါသည်။ ICU အခန်း ၁၈ ခန်းရှိပြီး အရေးပေါ်မွေးခန်းနှင့် လူနာကြပ်မတ်ဆောင်ခန်းများနှင့် ဖွ့ဲစည်းထားပြီး ပရာရမ်နိုင်းဆေးရုံကျောက်ကပ်ကုသဌါနနှင့် ကျောက်ကပ်အစားထိုး ကုသသည့်ဌါနတည်ရှိပြီး ဓါတ်ခွဲခန်း၊ သွေးဘဏ်နှင့် ခေတ်မှီစက်ပစ္စည်းကိရိယာများ ဖြင့်စုံလင်စွာကုသမှုပေးနေပါသည်။

ထို့အပြင် ပရာရမ်နိုင်းဆေးရုံကြီးသည် ပုဂ္ဂလိကဆေးရုံများတွင် ခေတ်မှီတိုးတက်သော စက်ပစ္စည်းကိရိယာများရှိသည့်အပြင် ကွန်ပြူတာဓါတ်မှန် ရိုက်သည့်စက်( CT Scan 640 Slice )  ၁ပတ်လည်လျှင် ပုံ ၆၄၀ ဖြတ်ပေးပါသည်။ ကြာမြှင့်စွာအသက်ရှုပြီးအောင့်ထားစရာမလိုတော့ဘဲ အဖြေပို၍မှန်ကန်တိကျမှု ကိုရစေပါသည်။ နှလုံးခုန်နှုန်းပုံမှန်မဟုတ်သော အမြန်နှုန်း ၁၄၀ မြှင့်သောလူနာများလည်းစစ်ဆေးနိုင်ပြီး လူနာကိုထိတွေ့သော ဓါတ်ရောင်ခြည် ၇၄ % လျှော့နည်းသောကြောင့် ဆိုးကျိုးလျှော့နည်းစေပါတယ်။ ထိုအပြင်အစားသောအဂါအစိတ်အပိုင်းများဖြစ်သော ဦးနှောက်၊ အဆုတ်၊ အသည်း၊ ပန်းကရိယ၊ အရိုး၊ အဆစ် နှင့် အူမကြီးကိုလည်းစစ်ဆေးနိုင်ပါသည်။

ပရာရမ်နိုင်းဆေးရုံကြီးသည် နောက်ဆုံးပေါ်ခေတ်မှီသောစက်များဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းကို ဦးစားပေးဆောင်ရွက်ခြင်းသည် ဆေးရုံရှိသမားတော်ကြီးများ၏ ရောဂါရှာဖွေစစ်ဆေးမှုကို တိကျ၊ မှန်ကန်၊ မြန်ဆန် စေပြီး ကောင်းမွန်သောကုသမှုကိုပေးနိုင်ရန်ဖြစ်ပါသည်။

ရှုပါယုံ

ဗဟိုစင်တာဖြစ်ရန်ဦးတည်ခြင်း

ေခေတ်မှီသောကျန်းမာရေးစောင့်ရှောက်မှုများး

နှင့် ယုံကြည်မှုအများဆုံးရရှိရန်

မစ်ရှင်

အကောင်းဆုံးရွေးချယ်မှုပေးခြင်း နှင့်

ရောဂါကာကွယ်မှုများနှင့် ကုသမှုများ

ကျွမ်းကျင်သောဝန်ထမ်းများ

နှင့် ခေတ်မှီသောပစ္စည်းကိရိယာများ

ခေတ်စားသောအခေါ်အဝေါ်

တာဝန်ထက်ပိုရန်

စုပေါင်းတီထွင်ဖန်တီးမှုများး

လူကြီးမင်းတို့ကိုဦးစားပေး စောင့်ရှောက်မှုများကျွမ်းကျင်မှုများ