0
Cart
Login | Register

Medical Centers

ရင်သားအထူးကုဌါန

ယခုအခါမှာ အမျိုးသမီးများသည် မိမိတို့၏ကျန်မာရေးကို အများကြီးစောင့်ရှောက်လာခဲ့ပါသည်။ မိမိကိုယ်တိုင် ရင်သားစမ်းသပ်၍ အကြိတ်တွေ့ခြင်း၊ mammogram နှင့် Ultrasound ရိုက်ကြည့်ခြင်းဖြင့် ရင်သားတွင် ထုံးကျောက်လေးများတွေ့နိုင်ခြင်း၊ နှင့်  လက်ဖြင့်စမ်းမမိသော အကြိတ်ငယ်များကို တွေ့နိုင်သောကြောင့် ကင်ဆာဆဲလ်ရှာဖွေစစ်ဆေးမှုအခြေခံများကို စစ်ဆေးမှုပြုလုပ်လာကြပါသည်။

ယခုအခါမှာ ရင်သားကင်ဆာရောဂါသည် အမျိုးသမီး၏အသက် (၃၅၄၅) နှစ်တွင် အများကြီးတွေ့လာရပါသည်။ ရင်သားကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးခဲ့သော လူနာများရှိခဲ့ရာ ထိုင်းနိုင်ငံသည်လည်း ကမ္ဘာ့အဆင့်တွင် အဆင့်ဦးပိုင်း၌ပါဝင်နေတာတွေ့ရပါသည်။ ရင်သားကင်ဆာ အစပိုင်း၊ ပထမအဆင့်မျှသာ ဖြစ်လျှင်လုံးဝပျောက်ကင်းသွားအောင်ကုသနိုင်ပါသည်။ ရင်သားကင်ဆာစစ်ဆေးခြင်း နှင့် ဖြစ်နိုင်ခြေနှုန်းရှာဖွေစစ်ဆေးခြင်းများသည် အဓိကနှင့်အရေးကြီးသောအချက်တခုဖြစ်ပါသည်။ ပြီးပြည့်စုံသောကုသမှုဖြစ်စေရန် အတွေ့အကြုံများ၍ကျွမ်းကျင်သောအထူးကုဆရာဝန်များဖြင့် ကုသပေးခြင်း၊ ခေတ်မှီသောစမ်းသပ်စစ်ဆေးနိုင်သည့်ပစ္စည်းကိရိယာများရှိခြင်း၊လူနာအတွက်အကျိုးရလဒ်ကောင်းရှိစေရန် ပုံစံအနေအထားပုံမှန်အတိုင်းဖြစ်၍ လူမှု့ပတ်ဝန်းကျင်၌ပုံမှန်နေထိုင်နိုင်ရန်ရည်ရွယ်ပါသည်။

ပရာရမ်နိုင်းဆေးရုံ ရင်သားအထူးကုဆရာဝန်များအသင်း။

  • အထူးရင်သားခွဲစိတ်ဆရာဝန်များအသင်း ခွဲစိတ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း။

  • Mammogram, Ultrasound Breast နှင့် MRI Breast တို့စစ်ဆေးရာတွင်ကျွမ်းကျင်သောပညာရှင်များ

  • ကင်ဆာအထူးကုဆရာဝန်မှ ကီမိုသရဖီပေး၍ကုသခြင်း။

  • နာကျင်ကိုက်ခဲမှုများသက်သာစေရန်အထူးကြပ်မတ်ပေးသောဆရာဝန်

  • ဝေဒနာရှင်မှ မိမိရောဂါနှင့် ကုသမှုအပေါ်တွင်စိုးရိမ်ကြောက်ရွံမှုများခဲ့လျှင် စိတ်ပညာရှင်အထူးကုမှကြည့်ရှုပေးခြင်း။

 

စစ်ဆေးခြင်းနှင့်ကုသခြင်းများ

1. ရင်သား Digital Mammogram နှင့် Ultrasound ပြုလုပ်၍စစ်ဆေးခြင်း။

Digital Mammogram နှင့် ရင်သားကင်ဆာရောဂါကို စစ်ဆေးသည့်အခါလုံလောက်ပါသလား?

Digital Mammogram နှင့် ပြုလုပ်ခြင်းဖြင့် ရင်သားကင်ဆာစစ်ဆေးရန်မလုံလောက်ပါ။ အကြောင်းအမျိုးမျိုးကြောင့် မှန်ကန်သောရလဒ်ရရှိရန် နည်းပါးလှပါသည်။ ဥပမာရင်သား၏အသားသိပ်သည်းခြင်းပမာဏ၊ အလုံး အကြိတ် ရေအိတ်သေးသေးလေးများ နို့သီးခေါင်း၌ရှိသောဒဏ်ယာများ / နို့သီးခေါင်းမှအဝါရောင်အရည်များနှင့် သွေးများစိမ့်ထွက်ခြင်းများ ရှိနိုင်သည်။ ထိုကြောင့် Ultrasound နှင့် ဆရာဝန်များ၏စမ်းသပ်ချက်ကသာ ရင်သား၏ပုံမမှန်ခြင်းများကို ပို၍ဖော်ပြနိုင်ပါသည်။

2. ရင်သားအသားစထုတ်ယူခြင်း Core Needle Biopsy ခွဲစိတ်မှုမပြုခင် (Core Needle Biopsy)

ပုံမှန်မဟုတ်သောအသားလုံး နှင့် ထုံးကျောက်များတွေ့ရှိပါက ရင်သားထဲကအသားစ ( Needle Biopsy ) ထုတ်စစ်ဘို့ရန်လိုအပ်ပါသည်။ ခွဲစိတ်မှုမပြုလုပ်ခင် အသားစထုတ်ယူစစ်ဆေးခြင်းဖြစ်ပါသည်။ အသားစယူရာတွင် ဆေးရုံတက်စရာမလိုပါ၊ အနာ၏ဒဏ်ယာသေးငယ် ပါတယ်၊ လွယ်ကူစွာလုပ်ဆောင်နိုင်ပြီး နာကျင်မှုလည်းနည်းပါးပါတယ်။ ရရှိတဲ့အဖြေကလည်းမှန်ကန်တိကျမှုနှုန်းမြှင့်ပါတယ်။ အကယ်၍အကြိတ် ကသေးငယ်ပြီး လက်ဖြင့်စမ်း၍မမိလျှင် အကြိတ်ရှိသည့်နေရာကို Ultrasound တခါတည်းရိုက်ရင်း အသားစထုတ်ယူစစ်ဆေး မှုပြုလုပ်ပါသည်။

ယခုအခါတွင် ရင်သားစစ်ဆေးရေးအတွက် နည်းပညာများတိုးတက်လာသည်နှင့်အမျှ မိမိကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်းကိုလည်းအားပေးမှုပြုပြီး ကင်ဆာ ပထမအဆင့်အခြေအနေများကို စောလျှင်စွာသိရှိပြီး ကုသနိုင်သောကြောင့် အသက်ဆုံးရှုံးမှုမှများစွာလွတ်မြောက်နိုင်ခဲ့ပါသည်။ ယခင်ကကုထုံးမှာ ခွဲစိတ်ခြင်းသည် အသက်ကယ်ခြင်းဟုသတ်မှတ်ရာမှ ယခုလျှင် ခွဲစိတ်ခြင်းသည် ပြည့်စုံသောလူနေမှုဘဝသို့ဦးတည်ခြင်း နှင့် ခွဲစိတ်ပြီးနောက် ရင်သားအစားထိုးခြင်းများဖြစ်ကြသည်။

၁။ ရင်သားအစားထိုးကုသရာတွင် ကြွက်သားမှ အသားကိုယူခြင်း Latissimus Dorsi နှင့် ကျောရိုးမှအဆီကိုယူ၍ ပေါင်းစပ်ပြီး ခွဲစိတ်ပြုပြင်ပါသည်။ (Latissimus Dorsi flap)  ထိုသို့ကုသနည်းသည် အန္တရာယ်ကင်း ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာသောရောဂါများကိုနည်းပါးစေပါသည်။ ဆေးရုံးတွင် () ညမျှသာအိပ်ရပါသည်။ ခွဲစိတ်ပြုပြင်ပြီးသောရင်သားသည် မိမိနဂိုရင်သားနှင့် အတွင်းအသားသာမက အပြင်ပုံစံပါတူညီမှုရှိသောကြောင့် ၎င်းကုထုံးကို လူအများရွေးချယ်ကုသလာကြပါသည်။

၂။ ရင်သားခွဲစိတ်ပြုပြင်ခြင်း/ ရင်သားအစားထိုးပြုလုပ်ရာတွင် ဝမ်းဗိုက်ရှိကြွက်သားနှင့် အဆီများကိုယူပြီးကုသနိုင်ပါသေးသည်။ (Transverse Rectus Abdominis Musculocutaneous flap (သို့) TRAM flap)

အချုပ်အားဖြင့် ရင်သားခွဲစိတ်ပြုပြင်ခြင်းသည် မိမိကိုယ်ခန္ဓာမှအသားမျှင်များသာအသုံးပြုသောကြောင့် ကုန်ကျစရိတ်လျှော့နည်းခြင်း၊ မိမိကိုယ်ယုံကြည်မှု အပြည့်အဝရှိခြင်းကြောင့် အရည်အသွေးပြည့်ဝသောနေထိုင်မှုကိုဖြစ်စေပါသည်။

ပရာရမ် ဆေးရုံ၏ကျွမ်းကျင်သောသမားတော်အသင်းကြီးမှ အရေးကြီးသောဆေးပညာပေးဟောပြောခြင်း၊ အကြံပေးခြင်း၊ ဆိုးကျိုးများရှာဖွေခြင်း၊ ကင်ဆာရောဂါရှာဖွေခြင်း၊ ပြီးပြည့်စုံသောဘက်ပေါင်းစုံကုသမှုများပေးခြင်းကြောင့် လူနာအတွက်များစွာအဆင်ပြေခြင်း အန္တရယ်ကင်းခြင်း၊ ရောဂါရှာဖွေခြင်းနှင့် မှန်ကန်စွာကုသနိုင်ပြီး ပုံမှန်လူနေမှုဘဝသို့နေထိုင်နိုင်ပါသည်။

 

ဆရာဝန်အမည်စာရင်း

  • Assoc. Prof. Dr. Panuwat Lertsithichai
  • Asst. Prof. Dr. Prakasit Chirappapha
  • Dr. Thongchai Sukarayathin
  • Dr. Monchai Seesombatpaiboon
  • Dr. Kampol Ratchaworapong
  • Dr. Watoo Vassanasiri
  • Dr. Chayanoot Rattadilok
  • Dr. Kasama Kantornvichaiwat

Operating Hours

တနင်္လာနေ့ - သောကြာနေ့ :

စနေနေ့ - တနင်္ဂနွေနေ့ ။:

မနက် ၀၈.၀၀ နာရီမှ ည ၀၈.၀၀ နာရီအထိ။

မနက် ၀၈.၀၀ နာရီမှ ညနေ ၀၅.၀၀ နာရီအထိ။